မျက်စိမနာပဲ မျက်လုံးနီရဲနေရတဲ့ အကြောင်းအရင်း
ပုံမှန်မျက်စိ နီရဲနေတာမျိုးကို Bloodshot လို့ ခေါ်ပါတယ်။ ဒီလိုမျိုး မျက်လုံးကြီး နီနေတာမျိုးက ဆိုးရွားတဲ့ ကျန်းမာရေးပြဿနာမျိုးလို့ ခေါင်းစဉ်တပ်လို့မရပေမယ့် မျက်စိကျန်းမာရေးကို အလေးထားသူတွေအတွက်ကတော့ သတိထားရမယ့် ပြဿနာတစ်ခုပါ။
- အိပ်ရေး ခနခနပျက်တာ၊
- Screen Time များလွန်းနေတာ၊
- အလင်းရောင် လုံလောက်စွာမရတာ၊
- ပတ်ဝန်းကျင် ရာသီဥတု မကောင်းတာ (ခြောက်သွေ့၊ ဖုန်ထူ၊ လေပြင်း)
- မျက်ကပ်မှန်ကို ဖြစ်သင့်တာထက် ပိုမိုကြာမြင့်စွာ တပ်ထားမိတာ၊
- အရက် အလွန်အကျွံ သောက်သုံးထားတာတွေကြောင့်ဖြစ်နိုင်ပါတယ်။
ဘယ်လိုအခြေအနေမျိုးမှာ ဆေးဝါးကုသမှု ခံယူသင့်သလဲ
- အမြင်အာရုံမှာ အပြောင်းလဲတွေ ရှိနေတယ်လို့ ခံစားရတာ၊
- ကြည့်ရခက်ခဲနေတာ၊
- မျက်စိနာကျင်လာတာ၊
- ခေါင်းကိုက်လာတာ၊
- မူးဝေ အော့အန်လာတာ၊
- ဖျားနာဝေဒနာ စွဲကပ်လာတာ၊
- ပုံမှန်မဟုတ်တဲ့ လင်းစူးစူးတွေ မြင်လာတာ၊
- မျက်စိထဲ တစ်စုံတစ်ခု ဝင်နေတယ်လို့ ခံစားနေရတာ၊
- မျက်စိကို ထိခိုက်မိတာ၊ ဒါမှမဟုတ် ဓာတုဗေဒပစ္စည်းတွေနဲ့ ထိတွေ့မိတာ၊
- မျက်လုံးဖွင့်လိုက်တိုင်း နီရဲနာကျင်နေတာ စတာတွေဖြစ်လာရင် မျက်စိကို စစ်ဆေးဖို့အတွက် စီစဉ်သင့်ပါတယ်။
မျက်လုံး နီရဲနေမှုကို ကာကွယ်ပေးနိုင်တဲ့ နည်းလမ်းများ
- မျက်စိနာတာနဲ့ ဓာတုဗေဒထိခိုက်မှုတွေ၊ ရောဂါပိုး ဝင်ရောက်မှုတွေကြောင့်မဟုတ်တဲ့ မျက်လုံးနီရဲခြင်းကို ယျေဘုယျအားဖြင့် ကိုယ်တိုင်ကိုယ်ကျ ကာကွယ်လို့ရပါတယ်။ အကောင်းဆုံးနည်းလမ်းကတော့
- အိပ်ရေး ဝဝ အိပ်ပါ၊
- မျက်စိညောင်းလာရင် မျက်လုံးကို မှိတ်ပြီး ခတ္တ အနားပေးပါ၊
- Screen time ကို သိသိသာသာ လျှော့ချပါ၊
- မျက်ကပ်မှန်တပ်ဆင်ရသူဖြစ်ပါက တဆက်တည်း ဝတ်ဆင်ထားတာမျိုးကို ရှောင်ကျဉ်ပါ၊
- မျက်စိကို ရေဓာတ်ပြည့်ဝနေအောင် ဂရုစိုက်ပြီး မျက်စဉ်းမကြာခန ခပ်ပါ၊
- ဘက်တီးရီးယားနဲ့ အမှုန်အမွှားတွေကို ဖယ်ရှားနိုင်စေဖို့ မျက်ခမ်းစပ်တွေကို စနစ်တကျ သန့်စင်ပေးပါ။